Monday, July 16, 2012
wifi လွင့်နည်းစာအုပ်လေးပါ
www.onekokoaung.co.cc  မှစာအုပ်လေးပါ။လိုချင်သူများ ဒီက နေဒေါင်းနိုင်ပါတယ်ချင်ဗျာ။
Saturday, May 19, 2012
ကွန်ပျူတာ ဆိုသော အရာကြီးကို လေ့ လာမယ်
အပိုင်း(၁)
Computer(ကွန်ပျူတာ)  ဆိုသည်မှာအီလက်ထရောနစ်ပစ္စည်းတစ်ခုပင်ဖြစ်ပါသည်။အချက် အလက်များကိုအဖြေ (သို့ ) သတင်း
အဖြစ်သို့တွက်ချက်ပေးသောစက်တစ်ခုပင်ဖြစ်ပါသည်။ညွှန်ကြားချက်များ
ကို မြန်မှန်တိကျစွာ  တွက်ချက်ပေးနိုင်သော  စက်ဟု လိုလည်း ခေါ်ဆိုနိုင်ပါသည်။
Type  of   Computer
ကွန်ပျူတာ အမျိုးအစားများအနက်   
(၁)Super  Computer
(၂)MainFrame  Computer
(၃)Mini  Computer
(၄)Micro  Computer
     -Desktops
     -Laptops
     -Tablets
     -Notebooks
ဆိုသည့် အမျိုးအစား  လေးမျိုးရှိသည်ကိုတွေ့  ရပါသည်။
Part  of  Computer
ကွန်ပျူတာ အစိတ်အပိုင်းများအနက်
(၁)ဟာ့ ဒ် ၀ဲ(Hardware) ကိုင်တွယ် ထိတွေ့  လို့  ၇တဲ့   ကွန်ပျူတာရဲ့  အစိတ်အပိုင်းများကို ခေါ်ဆိုတာဖြစ်ပါတယ်။
(၂)ဆော့ ၀ဲ (Software) ကိုင်တွယ်လို့  မရတဲ့  ကွန်ပျူတာရဲ့  အစိတ်အပိုင်းတစ်ခုပါ။
(၃)ဖမ်းလ် ၀ဲ(Firmware) ဟာ ဒ့် ၀ဲနှင့်   ဆော့ ၀ဲလ်  ပေါင်းစပ်ထားတဲ့   ပစ္စည်းတစ်ခုပါ။ဥပမာ 
ROMBIOS
Program
ပရိုဂရမ်  ဆိုသည်မှာ  ညွှန်ကြားချက်များကို စုထားတဲ့   ဟာကို ပရိုဂရမ်ဟုခေါ်ပါသည်။၎င်းပရိုဂရမ် ကို Programming  Language  ဖြင့်   ရေးသားကြသည်။
Component  of  Computer
ကွန်ပျူတာ  ၏ ဖွဲ့ စည်းပုံ မှာ
(၁)System  Unit
(၂)Monitor 
(၃)Keyboard  and  Mouse
(၄)Printer  တို့  ဖြစ်ကြပါသည်။
System  Unit  တွင်
-Power supply
-Harddisk
-CD-dirve
-Mother Board
-USB  port
-Serial  Port
-CPU
-ROMBIOS
-VGA  and  SOUND  card
-Memory  Card
-other
ပါဝင်ပါသည်။အခြားသော ဆက်စပ်ပစ္စည်းများလဲ ရှိပါသေးသည်။ဥပမာ -Network  Card,Capture  Card 
ဆက်ပါဦးမယ်။
Saturday, May 12, 2012
Window 7 တွင်တစ်ခါတစ်ရံ ဖြစ်တတ်သော အမဲရောင်စခရင်
ဝင်းဒိုးစ်  တက်တက်လာချင်း ဘာမှမပေါ်တော့  ဘဲ  အမဲေ၇ာက် စခရင်  သာပေါ်လာပါက
Ctrl+Alt+ Del  ကိုနှိပ်ပြီး  Start  Taskmanager   ကိုခေါ်လိုက်ပါ။ပြီးရင်  Application  မှာ
မောက်စ်  နဲ့   R-click  ခေါက်ပြီးNew  task  ခေါ်လိုက်ပါ။ပြီး  explorer.exe  ရိုက်ထည့်ပြီး OK 
လုပ်လိုက်ပါ။အားလုးံအဆင်ပြေသွားပါလိမ့်   မည်။
GTALK ကိုအကောက်များစွာဖွင့် ပြီးသုးံရအောင်ပါ
ပွားနည်းကတော့ လွယ်လွယ်လေးပါ။ သိပြီးသားလူတွေတော့ သိပြီးပြီပေါ့။မသိသေးတဲ့ လူတွေအတွက်ရည်ရွယ်ပါ
တယ်။လုပ်ပုံလုပ်နည်းကတော့..........
(၁) မိမိကွန်ပျူတာ Desktop ပေါ်မှာ ရှိတဲ့ Gtalk Icon ကို ညာကလင့်(Right click)နှိပ်လိုက်ပါ။
(၂) နှိပ်ပြီးတော့ Properties ကိုသွားလိုက်ပါ။
(၃) Target ဆိုတာကို တွေ့ရပါလိမ့်မယ်။Target မှာရှိတဲ့
(ဥပမာ..      "C:\Users\user\AppData\Roaming\Google\Google Talk\googletalk.exe" /Startmenu)   ကို    Startmenu
နေရာမှာ Startmenu ကိုဖျက်ပြီးတော့ nomutex လို့ရိုက်ထည့်လိုက်ပါ။ပြီးရင်တော့ Apply , Ok လုပ်လိုက်ပါ။
ကြိုက်သလောက်သုံးလို့ရပါပြီ။ပွားချင်သလောက် ပွားပေတော့ဗျာ။
ပွားနိုင်ကြပါစေ။အဆင်မပြေလည်း မေးမြန်းနိုင်ပါတယ်ဗျာ။
Tuesday, May 8, 2012
Microsoft Word 2003 အခြေခံစာအုပ်
အတော်လေးရှင်းပြီး  ပြန်ကျင့်လို့ကောင်းတဲ့  စာအုပ်ပါ။လိုချင်သူများ ဒီမှာ ဒေါင်းနိုင်ပါတယ်။
Thursday, March 22, 2012
IP address တွေအကြောင်းပါ
IP address
computer တွေတစ်လုံးနဲ့တစ်လုံး network ချိတ်တဲ့နေရာမှာ protocol တစ်ခု မဖြစ်မနေသုံးဖို့လိုအပ်ပါတယ်။
အဒီ protocol ဆိုတာ လွယ်လွယ်ပြောရင်တော့ ဘာသာစကား လိုပါဘဲ။
ဘာသာစကားတွေအမျိုးမျိုးရှိသလို Protocol တွေလဲ အမျိုးမျိုး ရှိပါတယ်။ ဒါပေမယ့်Internet ကိုချိတ်မယ်ဆိုတဲ့
computer တိုင်းဟာတော့ TCP/IP ဆိုတဲ့ protocolကိုမဖြစ်မနေသုံးဖို့လိုပါတယ်။ TCP/IP protocol သုံးတဲ့ computerတိုင်းဟာလည်း
IP address တစ်ခုမဖြစ်မနေသက်မှတ်ဖို့လိုပါတယ်။
IPaddress မှာ Version 4 နဲ့ Version6 ဆိုပြီး နှစ်မျိုးရှိပါတယ်။ V4 က 32bits နဲ့ အလုပ်လုပ်ပြီး V6 ကတော့ 128bits နဲ့
အလုပ်လုပ်ပါတယ်။
လက်ရှိအများစုက V4 ကို အသုံးပြုနေပါတယ်။
V4 IP address မှာ Class လေးခုရှိပါတယ်။ A, B, C, D, နဲ့ E ပါ။
Class A, B, C ကကျွန်တော်တို့ နဲ့ ရင်းနှီးပြီး အသုံးများပါတယ်။
( ဒီ class A, B, C သုံးခုထဲက address ရယူ အသုံးပြုထားတဲ့ machine တွေကြားမှာ အပြန်အလှန်ကြိုက်သလို
ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်)
Class D က Multicast address
( multicast ဆိုတာ က သက်မှတ်ထားတဲ့ အစုအဖွဲ့တစ်ခုအတွင်းမှာသာ အပြန်အလှန်ဆက်သွယ်နိုင်တဲ့ address မျိုးပါ
ဥပမာ -Class D address group1 မှာ computer 5 လုံး၊group2 မှာ computer 5 လုံး၊ ချိတ်ထားတယ်ဆိုရင် group1 ထဲက
computer အချင်းချင်း၊ group၂ ထဲက computer အချင်းချင်း၊ ဘဲဆက်သွယ်နိုင်ပါတယ် Group1 က computer နဲ့ Group၂ က
computer ချိတ်လို့မရနိုင်ပါဘူး)
Class E ကတော့ သုတေသနပြုလုပ်နိုင်ဖို့ reserved ထားပါတယ်၊ အသုံးမပြုပါဘူး။
အဒီတော့ ကျွန်တော်တို့ Class A, B, C အကြောင်းကို ဆက်လေ့လာပါမယ်
Network Address, Host Address
IP address တစ်ခုတိုင်းမှာ Network Address နဲ့ Host Address ဆိုပြီးတော့ အပိုင်းနှစ်ပိုင်းပါပါတယ်။
Network Address ဆိုတာ Host တွေကိုပေါင်းစည်းထားတဲ့ address အစုအဝေးတစ်ခုဖြစ်ပြီး၊
Host Address ဆိုတာကတော့ Network ထဲမှာပါဝင်တဲ့ အစိပ်အပိုင်းတစ်ခုပါ။
ှုIP address ဒီလို အလုပ်လုပ်တယ်
ှုIP V4 မှာ 32 bits ပါတယ်ဆိုတာပြောပြီးပါပြီ။
အဒီ 32 bits ကို 8bits စီ၊ 8bits စီ အပိုင်း လေးပိုင်း ခွဲပြီး အလုပ်လုပ်ပါတယ်။
တကယ်တမ်း bits တွေနဲ့ အလုပ်လုပ်တာ ဖြစ်ပေမယ့် သက်မှတ်တဲ့ နေရာမှာဘဲဖြစ်ဖြစ်၊ ရေးသားဖေါ်ပြတဲ့နေရာမှာဘဲဖြစ်ဖြစ်
Dot-decimal စနစ်နဲ့ ရေးသားဖေါ်ပြပါတယ်။ ( ဥပမာ- 192.168.1 .100)
တစ်ပိုင်းစီဟာ 8bits ကို ကိုစားပြုပြီး တစ်ပိုင်း နဲ့ တစ်ပိုင်းကြားမှာ dot(.) လေးတွေခံရေးပါတယ်
8bits ပါဝင်တဲ့ အစုအဝေးတစ်ခုကို octet လို့ခေါ်ပါတယ်။ ဒါကြောင့် IP Address တစ်ခုမှာ octect လေးခုပါဝင်ပါတယ်။
IP address ကြည့်ရုံနဲ့ Class တွေဒီလိုခွဲနိုင်တယ်
IP address တစ်ခုကိုကြည့်လိုက်တာနဲ့ Class A လား B လား C လား ဆိုတာကို IP address ရဲ့ ပထမဆုံးအပိုင်း ( first octect )
ကိုကြည့်ပြီးခွဲနိုင်ပါတယ်။
Class 1st octect range
A 1 to 126
B 128 to 191
C 192 to 223
ဒါကြောင့်မို့ ဥပမာ-
10.10.152.1 Class A
172.16.10.1 Class B
192.168.2.1 Class C
ဆိုတာကို ရှေ့ဆုံး အပိုင်းကိုကြည့်ရုံနဲ့ အလွယ်တကူခွဲနိုင်ပါတယ်။
Local Machine Address
အပေါ်က IP address range ထဲမှာ 127 ဆိုတာကို မတွေ့ ရပါဘူး။
အဒီ 127 တစ်ပိုင်းလုံးကို အသုံးမပြုဘဲချန်ထားခဲ့ပါတယ်။ အဒါကို loop-back address လို့ခေါ်ပါတယ်။
အဒီထဲကမှ 127.0.0.1 ကို local machine address အဖြစ်သုံးပါတယ်။
ူlocal machine address ဆိုတာ
computer နဲ့ သက်ဆိုင်တဲ့ လည်းကောင်းတို့ကို ကိုစားပြုတဲ့ address ပါ။
ဘာနဲ့ သဘောတရားချင်းတူလဲဆိုတော့ လူနာမည်တွေလိုပါဘဲ - လူတိုင်းကိုစီမှာ ကွဲပြားခြားနားတဲ့ နာမည်တွေရှိပါတယ်၊
ဒါပေမယ့် ဆက်သွယ်မှုတွေပြုလုပ်လို့ (စကားပြောခြင်း) ကိုယ့်ကိုကို ကိုယ်စားပြုတဲ့အခါ နာမည်ထက် ငါ၊ကျွန်တော် စတဲ့
နာမ်စားတစ်ခုနဲ့ ကိုစားပြုကြပါတယ်။ အဂ်လိပ်လိုဆိုရင်တော့ ( I ) ပေါ့။
TCP/IP protocol သုံးပြီး Network ချိတ်တဲ့ computer တိုင်း မှာလည်း မတူညီတဲ့ IP address တစ်ခုချင်းစီရှိ ကြပေမယ့် ကိုယ့်
computer ကို ကိုယ်စားပြုတဲ့ အခါ 127.0.0.1 ဆိုတဲ့ Local machine address နဲ့ကိုစားပြုပါတယ်။
အလွယ်ပြောရင်တော့ computer I ပေါ့။
ဒီ address လေးသုံးပြီး ကိုယ့် computer က network ပေါ်မှာ အလုပ်လုပ်နိုင်မလုပ်နိုင်၊ NIC card အလုပ်လုပ်မလုပ် စတာတွေကို
စမ်းသပ်နိုင်ပါတယ်။
Class A, B, C ဒါတွေကွာပါတယ်
Class A, B, C ဘာကွာလဲလို့ လူတိုင်းမေးကြပါတယ်။ သိသင့်ပါတယ်။ အဓိကကွာတာကတော့ Network တစ်ခုမှာ
ဆက်သွယ်ချိတ်ဆက် နိုင်တဲ့ Host အရေအတွက်ကွာပါတယ်။
class A network တစ်ခုမှာ host အရေအတွက် ၁၆ သန်း ကျောက်ချိတ်ဆက်နိုင်ပါတယ်။
class B network တစ်ခုမှာ host အရေအတွက် ၆ သောင်း ကျောက်ချိတ်ဆက်နိုင်ပါတယ်။
class C network တစ်ခုမှာ host အရေအတွက် ၂၅၄ လုံးဘဲချိတ်လို့ရပါတယ်။
IP address တစ်ခုချင်းပေါ်က Network address နဲ့ Host address
ClassA N.H.H.H
ClassB N.N.H.H
ClassC N.N.N.H
N= network
H= host
Class A address မှာ ပထမဆုံး အပိုင်းက Network ကို ကိုစားပြုပြီး ကျန်တဲ့ အပိုင်းသုံးပိုင်းက Host ကို ကိုစားပြုပါတယ်။
Class B address မှာ ပထမဆုံး အပိုင်း နှစ်ပိုင်း က Network ကို ကိုစားပြုပြီး ကျန်တဲ့ အပိုင်းနှစ်ပိုင်းက Host ကို ကိုစားပြုပါတယ်။
Class C address မှာ ပထမဆုံး အပိုင်း သုံးပိုင်းက Network ကို ကိုစားပြုပြီး ကျန်တဲ့ အပိုင်းတစ် ပိုင်းက Host ကို ကိုစားပြုပါတယ်။
IP address တွေကို အခုသိသလောက်နဲ့ ခွဲခြားလေ့လာကြရအောင်
အခု အခြေအနေမှာ ကျွန်တော်တို့ အနေနဲ့ IP address တွေကို ကျွန်တော်တို့ သိသလောက်ပေါ်မှာ အခြေခံပြီး ခွဲခြားကြည့်ကြရအောင်။
၁။ IP address တစ်ခုရဲ့ ပထမဆုံးအပိုင်း ( first octect ) ကို ကြည့်ပါ၊ ဒါကိုကြည့်ပြီး Class A, B, C ဆိုပြီးခွဲ ခြားနိုင်ပါတယ်။
၂။ Class သိရင် Network Address နဲ့ Host Address ကိုထပ်ပြီးခွဲခြားနိုင်ပါတယ်။
ဥပမာ-
၁၊ 196.154.2 .6
၂၊ 14.12.56. 41
၃၊ 190.165.5 4.2
၁၊ က first octect 192 to 223 အတွင်းပါတဲ့ အတွက် Class C, Class C ဖြစ်တဲ့ အတွက် Network address က 196.154.2 .0,
Host Address က 6
၂၊ က first octect 1 to 126 အတွင်းပါတဲ့ အတွက် Class A, Class A ဖြစ်တဲ့အတွက် Network address က 14.0.0.0
Host Address က 12.56.41
၃၊ က first octect 128 to 191 အတွင်းပါတဲ့ အတွက် Class B, Class B ဖြစ်တဲ့အတွက် Network address က 190.165.0.0
Host Address က 54.2
(မှတ်ချက် - Network Address ကို ရေးသားဖေါ်ပြတဲ့ အခါမှာ Host နေရာမှာ 0 Zero တွေနဲ့ အစားထိုးဖေါ်ပြလေ့ရှိပါတယ်။)
လွယ်တယ်နော်
ကဲစမ်းကြည့်ကြပါအုန်း
165.8.2.4
1.0.0.127
190.192.1 65.7
10.127.17 2.192
203.172.1 .191
Subnet Mask
IP address တွေ အကြောင်းပြောရင် မပါမဖြစ် မသိမဖြစ်တဲ့ address တစ်ခုကို သိဘို့လိုပါသေးတယ်။
အဒါကတော့ Subnet Mask ပါ။ machine တွေမှာ IP address တွေ သက်မှတ်တဲ့ အခါမှာ IP Address နဲ့အတူ မဖြစ်မနေ
Subnet mask ကိုတွဲပြီး သက်မှတ်ပေးဖို့လိုပါတယ်။
ဘာ အတွက်လဲဆိုတော့ သက်မှတ်လိုက်တဲ့ IP address တစ်ခုဟာ Network နဲ့ သက်ဆိုင်တဲ့ Bit အရေအတွက် ဘယ်နှစ် Bit
ပေါ်မှာ အခြေခံပြီး အလုပ်လုပ် လဲဆိုတာကို သိရှိနိုင်ဖို့ပါ။ ဒီိလိုသိရှိခြင်းဖြင့် သက်မှတ်လိုက်တဲ့ Address မှာ ဘယ်အပိုင်းတွေကတော့
Network, ဘယ်အပိုင်းတွေကတော့ Host ဆိုတာကိုခွဲခြား သိရှိနိုင်ဖို့ အတွက်ပါ။
တစ်နည်းအားဖြင့် Subnet Mask ဆိုတာ Network နဲ့ သက်ဆိုင်တဲ့ Bit ဘယ်နှစ် Bit ပေါ်မှာ အခြေခံလဲ
ဆိုတာကိုဖေါ်ပြသက်မှတ်ပေးတာပါ။
Class A
Class A IP address တွေက Network နဲ့ သက်ဆိုင်တဲ့ အပိုင်းက first octect 8 bits ပါ။
အဒီ 8 bits - 11111111 ကို decimal ပြောင်းတဲ့ အခါ 255 ရပါတယ်။
( နောက်ဆုံး 1 က 20 ရှေ့ဆုံး 1 က 27 တစ်ဆင့်ချင်း နောက်ကနေရှေ့ကိုတိုးလာတာပေါ့, 20 ရဲ့ တန်ဖိုးက ၁, 21 ရဲ့
တန်ဖိုးက ၂,
22 ရဲ့ တန်ဖိုးက ၄, 23 ရဲ့ တန်ဖိုးက ၈,24 ရဲ့ တန်ဖိုးက ၁၆, 25 ရဲ့ တန်ဖိုးက ၃၂,26 ရဲ့ တန်ဖိုးက ၆၄, 27 ရဲ့ တန်ဖိုးက
၁၂၈,
ဒါကြောင့် ၁+၂+၄+၈+၁၆+၃၂+၆၄+၁၂၈=၂၅၅)
Subnet Mask ကို 255 တစ်လုံးထဲ မရေးဘဲ နောက်က ကျန်တဲ့ အပိုင်းတွေမှာ 0 တွေနဲ့ အစားထိုးဖေါ်ပြတဲ့ အတွက် -
Class A ရဲ့ Subnet Mask က 255.0.0.0
Class B
Class B IP address တွေက Network နဲ့ သက်ဆိုင်တဲ့ အပိုင်းက 8bits နှစ်ပိုင်းပါ။
တစ်ပိုင်းကို 255 တစ်လုံးဆိုတော့ နှစ်ပိုင်းဖြစ်တဲ့ အတွက် 255 နှစ်ခါကြားမှာ .( Dot) ခံပြီးဖေါ်ပြပါတယ်။
Class B ရဲ့ Subnet Mask က 255.255.0 .0
Class C
Class B IP address တွေက Network နဲ့ သက်ဆိုင်တဲ့ အပိုင်းက 8bits သုံးပိုင်းပါ။
ဒီတော့ Cass B ရဲ့ Subnet Mask က 255.255.2 55.0
IP Address တွေသက်မှတ်တဲ့ အခါသက်ဆိုင်ရာ Subnet mask တွေပူးတွဲဖေါ်ပြပေးရပါတယ်။
ဥပမာ-
IP 10.10.10.1 IP 172.10.10.2 IP 192.168.1 00.101
SM 255.0.0.0 SM 255.255.0 .0 SM 255.255.2 55.0
အခုဖေါ်ပြခဲ့ တဲ့ Class A, B, C ရဲ့ Subnet Mask တွေကို Default Subnet Mask တွေလို့ခေါ်ပါတယ်။
IP address နဲ့ ပက်သတ်ရင် ဒါတွေသတိထားပါ
IP address တွေဟာ 32 bits နဲ့ 8 bits ဆီအပိုင်း လေးပိုင်းခွဲ ထားပြီး အလုပ်လုပ်တာ ပြောပြီးပါပြီ။
8 bits လုံး 1 ဖြစ်တဲ့ အခြေအနေကို Decimal ပြောင်းတဲ့အခါ 255 ရပါတယ်။
ဒါကြောင့် IP address မှာ ပါတဲ့ number တွေဟာ 0 to 255 အတွင်းဘဲဖြစ်ရပါမယ် 255 ထက်ကျော်ရင် မှားနေပါပြီ။
ဥပမာ - 192.168.259.100 ဆိုတဲ့ address ဟာ မှားနေတဲ့ IP address ပါ။
ှုIP address တွေသက်မှတ်တဲ့ အခါမှာ Binary number အားဖြင့် Host နဲ့ သက်ဆိုင်တဲ့ အပိုင်းအားလုံး 0 ကြီးဘဲဖြစ်ရင်၊ဒါမှမဟုတ်
1 ကြီးဘဲဖြစ်ရင် computer တွေကို သက်မှတ်တဲ့ နေရာမှာ လုံးဝမသုံးပါဘူး။
(မှတ်ချက် -Network နဲ့ သက်ဆိုင်တဲ့ အပိုင်းအားလုံး 0 ကြီးဘဲဖြစ်ရင်၊ဒါမှမဟုတ် 1ဖြစ်ရင်လဲ အသုံးမပြုပါ။)
ဥပမာ Class C ကိုကြည့်ရအောင်
Class C မှာ Host နဲ့ သက်ဆိုင်တာနောက်ဆုံး 8 bits ပါ။
အဒီနောက်ဆုံး 8 bits လုံး 0 ဖြစ်တဲ့ (00000000) တန်ဖိုးဖြစ်တဲ့ 0 နဲ့
အဒီနောက်ဆုံး 8 bits လုံး 1 ဖြစ်တဲ့ (11111111) တန်ဖိုးဖြစ်တဲ့ 255 ကို address သက်မှတ်တဲ့ ထဲမှာထည့်မသုံးပါဘူး။
network address 192.168.1 .0 ဆိုပါတော့ အဒီ network အောက်မှာ Host က 1 to 254 ဘဲသက်မှတ်လို့ရတဲ့ အတွက်
သူ့ရဲ့ address range က 192.168.1 .1 ကနေ 192.168.1 .254 ထိသက်မှတ်လို့ရပါတယ်။
(ဆိုလိုတာ က Class C မှာ ရှေ့က IP ကြိုက်တဲ့ ၃ တွဲလာ နောက်က 1 to 254 က မပြောင်းဘူးဆိုတဲ့သဘောပါ။
Class B မှာ ရှေ့က IP ကြိုက်တဲ့ ၂ တွဲလာ နောက်က 0.1 to 255.254 က မပြောင်းဘူး။
Class A မှာ ရှေ့က IP ကြိုက်တဲ့ ၁ တွဲလာ နောက်က 0.0.1 to 255.255.2 54 က မပြောင်းဘူး။
IP Address သက်မှတ်မယ်
IP address တွေကို computer ရဲ့ ဆသ်သွယ်ချိတ်ဆက်မှုနဲ့သက်ဆိုင်တဲ့ device တွေမှာသက်မှတ်ရတာပါ။
အလွယ်ပြောရင်တော့ NIC ပေါ်မှာ သက်မှတ်ရတာပါ။
Desktop ပေါ်မှာ My Network Place ဆိုတဲ့ Icon လေးကို RC, Propertie s ဆိုရင် Network & Dial-up Connectio n
ဆိုတဲ့ window လေးကျလာပါလိမ့မယ်။ အဒီမှာ make new connectio n တို့ Local Area Connectio n တို့ Wireless Netork
Connectio n တို့ စတာတွေတွေ့ရပါလိမ့်မယ်။
make new connectio n ဆိုတာက Dial-up Network ချိတ်တဲ့နေရာမှာသုံးပါတယ်။
Local Area Connectio n ဆိုတာလေးတွေက ကျွန်တော်တို့ computer မှာ ရှိတဲ့ NIC ကိုရည်ညွှန်းတာဖြစ်ပြီး တစ်ကတ်ရှိရင်
Local Area Connectio n တစ်ခု နှစ်ကတ်ရှိရင် Local Area Connectio n 1,2 ဆိုပြီးနှစ်ခုရှိပါတယ်။
ကျွန်တော်တို့ address သက်မှတ်ချင်ရင် အဒီ Local Area Connectio n ပေါ်မှာ RC, Propertie s ဆိုရင် Local Area Connectio
n Propertie s ဆိုတဲ့ Box လေးကျလာရင် TCP/IP ဆိုတာကိုရွေပြီး propertie s ဆိုပြီး address သက်မှတ်ရမှာပါ။ Vista ဆိုရင်တော့
TCP/IP Version 4 ဆိုတာကိုရွေးပါ။
IP address ကို နည်းလမ်းနှစ်ခု အသုံးပြုပြီး သက်မှတ်နိုင်ပါတယ်။
Auto ( Dynamic ) နဲ့ Manual ( Static ) ဆိုပြီးတော့ပါ။
Auto ( Dynamic ) သက်မှတ်မယ်ဆိုရင် Network ပေါ် IP address တွေကို automatic သက်မှတ်ပေးနိုင်တဲ့ Server သို့ Device
တွေရှိဖို့လိုပါတယ်။
အလို IP address တွေကို automatic သက်မှတ်ပေးနိုင် တဲ့ service ကို DHCP ( Dynamic Host Configura tion Protocol )
လို့ခေါ်ပါတယ်။
ကို့ Network မှာ အသုံးပြုလိုတဲ့ address တွေကို အဒီ DHCP Server မှာကြိုတင် သက်မှတ်ထားရမှာဖြစ်ပါတယ်။
Manual ( Static ) သက်မှတ်မယ်ဆိုရင်တော့ ကိုသက်မှတ်မယ့် IP နဲ့ SM ကို သိက်ဆိုင်ရာ Box မှာ ရိုက်ထည့်ရုံပါဘဲ။....
ဝင်းဒိုးဆဲဗင်း အသုးံပြုနည်းစာအုပ် လေးပါ
အမှားပါရင် ခွင့်   လွတ်ပေးကြပါ။
Wednesday, December 14, 2011
မေးမြန်းတောင်းဆိုရန်
သိလိုသမျှ ကို မေးမြန်းတောင်းဆိုနိုင်ပါသည်။
မှတ်ချက်။    ။ကျွန်တော် အကောင်းဆုးံ ပြန်လည် ဖြေကြားပေးပါမည်။
How to Delete Recycler Virus
STEP 1:  END  SYSTEM  PROCESS
 ပထမ ဦးဆုးံ  taskmanager  ကနေ  run  နေတဲ့ virus  process  တွေကို end  process  လုပ်ပေးရပါမယ်။
ctl+shif+esc  နှိပ်ရင်  taskmanager  ပေါ်လာပါမယ်။ပြီးရင် process  tag   အောက်က   ctfmon.exe ကို
end  process  လုပ်ပေးလိုက်ပါ။ပြီးရင် taskmanager  ကိုပိတ်လိုက်လို့ရပါပြီ။
STEP 2: REMOVE  REGISTRY  ENTRY
WINDOW  KEY+R ကို နှိပ်ပါ။COMMAND  ပေါ်လာလျှင်  regedit  ကိုရိုက်ထည့်ပါ။ပြီးရင် အောက်ပါ
အတိုင်း registry  entry  ကို  delete  လုပ်ပါ။
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Active Setup\Installed Components\ {08B0E5C0-4FCB-11CF-AAX5-90401C608512}
STEP 3:FIND AND  DELETE
COMMAND  ကနေ  ctfmon.exe  ကို search box  ကနေရှာပါ။ပြီးရင်ရှာလို့တွေ့သမျှ ဖိုင်တွေကို 
shif+delete   လုပ်ပါ။ပြီးရင် computer ကို  restart   လုပ်လိုက်ပါ။အားလုးံ  အိုကေပါစေ။
Tuesday, December 13, 2011
AUTORUN KILLER ဆော့ဝဲလ် လေးပါ
Install  လုပ်ရတာလဲလွယ်ပါတယ်။ USB   ကနေ  ၀င်လာနိုင်တဲ့ autorun.inf  ဖိုင်တွေကို အလိုအလျောက် သတ်ပေးနိုင်ပါတယ် ။လိုချင်ရင် ဒီမှာ ဒေါင်းနိုင်ပါတယ်။
RECOVERY SOFTWARE လေးတစ်ခုပါ
ဒီဆော့ဝဲလ်လေးက အတော်လေးကောင်းပါတယ်။PARTITION,DELETE  RECOVERY ပါ
ရပါတယ် ခင်ဗျာ။CRACK ပါတစ်ပါတည်း ထည့်ထားပေးပါတယ်။ ဒီမှာ ဒေါင်းလိုက်ပါ။
USB ကနေ WINDOW7 တင်ရအောင်
USB  ကနေ WINDOW 7 တင်နည်းလေးပါ။
WINDOW  ခွေကို  IMAGE  အ၇င်ဆုးံ  ဖမ်းရပါမည်။ POWER ISO etc....  အစရှိတဲ့ ဆော့ဝဲလ် တွေနဲ့
image  ဖမ်းနိုင်ပါတယ်။ ပြီးရင် ဒီ ဆော့ဝဲကနေပြီး
အလွယ်ကူဆုးံ  bootable  device  တစ်ခုအလွယ်တကူ ဖန်တီးနိုင်ပါတယ်။အဲဒီဆော့ဝဲကတော့အောက်ကလင့်ကနေ  ဒေါင်းနိုင်ပါတယ်ခင်ဗျာ။
ဒီမှာ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
Thursday, December 8, 2011
VIRUS ကိုရှင်းနိုင်တဲ့ BASIC DOS-COMMAND တစ်ချို့ပါ
Command and Usage Examples
ATTRIB
Change file attributes. '+' adds an attribute, '-' removes it. Attributes are: A=archive; R=read only; S=system; H=hidden.
ATTRIB -R -A -S -H <VIRUS.EXE>
All these attributes will be removed from virus.exe.
C:
Go to the C: drive. Similarly A: and D: etc.
C:
CD
Change directory. When you change directory, the prompt changes, showing the path of the directory you are currently in.
Note, directory is the term used by DOS for what Windows calls a folder.
CD\ takes you to the top of the directory tree (typically to C:) . CD.. moves you one level up the directory tree (i.e. up towards the root directory).
CD <DIRECTORYNAME> takes you to that directory. You can use one or more subdirectory names, separated by \ e.g.
CD WINNT\Media takes you to the directory C:\WINNT\Media
To change to another path, type the full path with slashes. e.g.
CD \WINDOWS\SYSTEM
CLS
Clear the screen.
CLS
DEL
Delete one or more files in the current directory. Can be used with the '*' and the '?' wildcards. DEL *.* will delete ALL files in the current directory, USE WITH CAUTION.
(Note: DEL cannot be used to delete directories. Use RD to remove a directory.)
DEL <VIRUS.EXE> deletes virus.exe DEL *.JPG will delete all files with the extension JPG.
DEL MY*.* will delete all files beginning with MY and with any extension.
DEL MY??.* will delete files that are 4 characters long and begin with MY and with any extension.
DIR
Displays the contents of a directory (folder). Note, directory is the term used by DOS for what Windows calls a folder.
These switches can be combined, so DIR /W /P will return multiple rows listing a page at a time.
You can use the '*' and the '?' wildcards to search for a particular file. The ? character represents ONE character, and the * character represents multiple characters.
DIR *.* lists all the files in a directory.
DIR displays all files and folders in the current directory. Folders are indicated in the list by <DIR>.
Files are usually listed by name.
DIR /P displays the contents a page at a time, i.e. as many as will fit in your command line window. Press any key to display the next page.
DIR /W displays the files/folders in multiple rows. This view gives less information per file.
DIR *.JPG displays all files with the extension JPG in the current directory and all subdirectories.
DIR MY??.* displays all files beginning with MY, exactly 4 characters long, and with any extension.
DIR /S lists the contents of all subdirectories.
DIR /AH displays all hidden files.
EDIT
Runs DOS EDIT (a simple text editor). Useful for editing batch files and viewing logs. This command requires QBASIC.EXE to be present.
EDIT <VIRUSLOG.TXT> opens the file viruslog.txt and allows you to edit it.
EDIT <NEWFILE.TXT> creates a new file called newfile.txt and opens it up for you to edit.
HELP
Displays DOS Help. For help on an individual command, type HELP then the command for which you want more information.
HELP DIR displays information on the DIR command.
MD
Make directory. Creates a new directory below the current one. (The command can also be written as MKDIR)
MD <NEWDIR> creates a new directory called Newdir.
PRINT
Prints the specified file (if the printer is supported in DOS - many are not).
PRINT <LOGFILE.TXT>
Prints LOGFILE.TXT
RD
Remove directory. Removes a subdirectory of the current directory. The directory you want to remove must be empty of all files. (The command can also be written as RMDIR)
RD <DIRECTORYNAME>
RENAME
Rename a file. You must use the full file name including the suffix.
RENAME <OLDNAME.EXE> <NEWNAME.EXE>
TYPE
Displays the contents of a file on the screen. If you use this command on a file which is not a text file, the display will be unintelligible. Use with "|MORE" to display the text on a page by page basis, and prevent it scrolling off the screen. "|" is a pipe character.
TYPE C:\README.TXT|MORE
>
When you run a DOS command, output is usually sent to the screen. Use > to redirect output from the screen to a file. It runs the command preceding the >, creates a file in the current directory with the name you specify, and sends the information/output returned by the command, to that file.
COMMAND > FILENAME.TXT
e.g. SWEEP > REPORT.TXT The details of any infected files reported by SWEEP are sent to a file called REPORT.TXT.
VIRUS ကို DOS-COMMAND နှင့်ဖြေရှင်းမယ်
 VIRUS  အတော်များများကို
အလွယ်ကူဆုံး dOs-CoMmAnD  နဲ့ဖြေရှင်းလို့ရပါတယ်။ အောက်က code များကို copy  ကူးပြီး notepad  တွင်
paste  လိုက်ပါ။ ပြီးလျှင်  save  ပါ။ Save တဲ့အခါ  clear.bat  လို့ rename  ပေးပြီး Save  ပါ။
@ECHO OFF
prompt $p$g
title algeeroidbiletdoux System FlashX
:Shredder
color 02
CLS
ECHO.
ECHO algeeroidbilletdoux System FlashX
ECHO DRIVE SHREDDER
ECHO.
dir /a/w
ECHO.
ECHO "PRESS THE TAB KEY IN YOUR KEYBOARD TO SELECT ON THE DIRECTORY"
ECHO.
SET /P M= SHREDD
IF NOT EXIST %M% GOTO :driveShredderERROR
attrib -s -h -r %M%
del /f /q %M%
IF NOT EXIST %M% GOTO :SHREDCOMP
RD /S %M%
:SHREDCOMP
COLOR 0A
echo MyBox = MsgBox("File/Folder has been Shredded. File/Folder deleted this way will never go at the recycle bin.", 6000, "algeeroidbilletdoux System FlashX") >driveshredder.vbs
start /w driveshredder.vbs
del /f /q driveshredder.vbs
GOTO :Shredder
:driveShredderERROR
COLOR 0A
echo MyBox = MsgBox("The File/Folder you type does not exist and match in the directory.", 6000, "algeeroidbilletdoux System FlashX") >folderatt.vbs
start /w folderatt.vbs
del /f /q folderatt.vbs
GOTO :Shredder
မှတ်ချက်။    ။ ဒီမှာ  delete  လုပ်တဲ့ ဟာ  မှန်သမျှ  ဟာ  Shif-Delete  ပါ။ပြန်မရနိုင်ပါဘူး။
Monday, December 5, 2011
Recycler.exe သတ်မယ်
Recycler.exe  ဟာW32.Lecna.H worn  အမျိုးအစား virus ဖြစ်ပါတယ်။map  drive  ထဲမှာ file  ပြန်ပွားနိုင်တဲ့ အစွမ်းရှိသူပါ။ ပြီးရင် နေရာတိုင်းမှာ 
-copy  of  shortcut.Ink
-copy  of  shortcut.Ink
-copy  of  shortcut.Ink
-copy  of  shortcut.Ink 
ဆိုပြီး မြင်ရရင် သေချာပါပြီ။Recycler.exe  ကိုက်နေပါပြီ။အဲဒါကို window  ရဲ့ startup မှုkill လုပ်ပါ။ပြီးရင် http://www.greatis.com/unhackme/download.htm  ဒေါင်းပြီး သတ်လိုက်ပါ။
အိုကေသွားပါလိမ့်မယ်။
BASIC NETWORKING
ဒီအခန်းမှာ အခြေခံ networking အကြောင်းကို ဆွေးနွေးမှာဖြစ်ပါတယ်..networking မှာ အခြေခံအကြောင်းတွေက နည်းနည်းများပါတယ်..အဲဒီအများကြီးထဲကမှ ပထမဆုံး သိသင့် သိထိုက် တာတွေကိုသာဆွေးနွေး လိုက်ပါတယ်..
Network ဆိုတာ ဘာလဲ…
Network ဆိုတာ ကွန်ပျူတာ နှစ်လုံး (သို့ )နှစ်လုံးနဲ့ အထက်ချိတ်ဆက်ထားခြင်းကို network လို့  ခေါ်ပါတယ်..ဒီလိုချိတ်ဆက်ဖို့ အတွက်ဆိုရင် transmission midia တွေဖြစ်တဲ့ network cable ကြိုးတွေ Air , switch ,hub ,Router တွေ လိုအပ်ပါတယ်..
Network အမျိုးအစား
အဓိကအာဖြင့် network ကို LAN ,MAN ,WAN ဆိုပြီးသတ်မှတ်ပါတယ်..LAN ဆိုတာ Local Area Network ဖြစ်ပြီး အဆောက်အဦး တစ်ခုစာ အတွင်းမှာ ချိတ်ဆက် ထားတဲ့ ကွန်ပျူတာတွေ ဖြစ်ပါ တယ်..LAN ဟာ Area အားဖြင့် အသေးငယ်ဆုံးသော network ဖြစ်ပါတယ်..MAN ဆိုတာ Metropolitan Area Network ဖြစ်ပြီး မြို့ တစ်မြို့ စာ Area အတွင်း ချိတ်ဆက်နိုင် ပါတယ်…WAN ဆိုတာ Wide Area Network ဖြစ်ပြီး ကမ္ဘာ အရပ်ရပ်ကို ဆက်သွယ် နိုင်သော network ကြီးဖြစ်ပါတယ်..WAN ဟာ Area အကျယ်ဆုံး network အမျိုးစား ဖြစ်ပါတယ်.. network ပေါင်းမြောက်များစွာကိုချိတ်ဆက်ထားသည့် အတွက်ကြောင့် network of the network လို့ လည်း
ခေါ်ဆိုကြပါတယ်..
ဘာကြောင့် network ကိုသုံးကြလဲ..
ကျနော်တို့ တွေက ကွန်ပျူတာထဲမှာ ရှိတဲ့အချက်အလက်တွေ ဒေတာ တွေကို sharing လုပ်ခြင်းအတွက်အသုံးပြုရပါတယ်..ဒါအပြင် communication အတွက်အသုံးပြု ပါ တယ်…ဖိုင်တွေ ဒေတာ တွေကို မျှဝေသုံးစွဲခြင်းသာမကပဲ hardware device တွေကို ပါမျှဝေသုံးစွဲလို့ ရနိုင်ပါသေးတယ်..တခြားကွန်ပျူတာမှ sharing လုပ်ထားတဲ့ဖိုင်တွေ ဖိုဒါတွေကို floppy တွေ cd disc တွေ usb stick တွေကို မသုံးပဲ ဒေတာတွေကို လှမ်းယူသုံးစွဲနိုင်ပါတယ် hardware device တွေထဲကဆိုရင် သိသာထင်ရှား ဆုံး အချက်က printer ကို မျှဝေသုံးစွဲခြင်းဖြစ်ပါတယ်..ရုံးတစ်ခုမှာ ကွန်ပျူတာ ၅ လုံးရှိ တယ်ဆိုပါစို့ ..ကွန်ပျူတာ ၅ လုံးစလုံး printer ကို အတူတကွမျှဝေသုံးစွဲခြင်းအားဖြင့် ကုန်ကျစရိတ်ကို အများကြီးသက်သာစေပါတယ်..
Topology
Topology ဆိုတာ network တည်ဆောက်တဲ့အခါ ကွန်ပျူတာတွေတစ်လုံးနဲ့ တစ်လုံး group တစ်ခု နဲ့ တစ်ခု ချိတ်ဆက်မှု ပုံစံတွေဖြစ်ပါတယ်..
Protocol ဆိုတာ
ကွန်ပျူတာ တစ်လုံးနဲ့ တစ်လုံးချိတ်ဆက်ရာမှာ ကျနော်တို့ သိရမှာကတော့  Protocol တွေကို သိထားရမှာဖြစ်ပါတယ် ... အဲဒါတွေ က Physically မဟုတ်ဘဲ Logically မျှသာဖြစ်ပါတယ်။Protocol ဆိုတာကတော့  မတူညီတဲ့  File type တွေ မတူညီတဲ့ OS platform တွေ , Communication Device တွေကို ချိတ်ဆက်ရာမှာ အသုံးပြုတဲ့  Language ၁ မျိုးပါပဲ.. ...ဥပမာ မြန်မာ ၁ ယောက် ... တရုတ် ၁ ယောက် .... ဂျပန် ၁ ယောက် လူ ၃ ယောက်၇ှိတယ် ဆိုပါစို့ ...။အဲ့တော့ ၁ ယောက်ကို ၁ ယောက်နားလည်အောင် ဘယ် Language နဲ့ ပြောကြမလဲ ...?? English ပေါ့ဗျာ ... English ဟာ International Language ဖြစ်သလို ...Protocol ဟာလည်း ၁ ကမ္ဘာလုံး မှာ၇ှိတဲ့ ကွန်ပြူတာ အချင်းချင်း ဆက်သွယ်ဖို့  စက်တစ်လုံးနဲ့ တစ်လုံး နားလည်ဖို့ အတွက် ပေါ်ပေါက်လာတဲ့ computer Languageဘဲဖြစ်ပါတယ်….
IP Address
တစ်ကမ္ဘာလုံးမှာရှိတဲ့ Computer များအချင်းချင်း မှန်ကန်စွာ ချိတ်ဆက် အသုံးပြုနိုင်ရန် Ip addressing ကိုနားလည်ရပါမယ်...။IP address သည် 32 bit ရှိပြီး 8 bit အပိုင်း ၄ ခုအား Dot ဖြင့်ပိုင်းညခားထားခြင်းဖြစ်ပါတယ် ...။8 Bit အပိုင်း ၁ ခုအား individual byte (သို့ ) octet လို့  ခေါ်ပါတယ်...။ အသုံးပြုနိုင်သော တန်ဖိုးမှာ 1 မှ 254 အထိရှိပြီး 0 နဲ့ 255 မှအရန်ထားရှိရပါမယ်။
0 မှာ Network Address ဖြစ်ပြီး 255 မှာ Broadcast Address ဖြစ်ပါတယ်။
IP အမျိုးအစား နဲ့ ဖွဲ့ စည်းပုံ
IP address မှာ Public IP ရယ် Private IP ရယ်ဆြိုပီး နှစ်မျိုးရှိပါတယ် LAN Network မှာဆိုရင် Private IP တွေကို ထည့်သွင်းပါတယ် WAN Network မှာဆိုရင် Public IP တွေကို ထည့်သွင်းပါ တယ်…. IP မှာ IPV4 နဲ့  IPV6 ဆိုပြီးတော့ ရှိပါတယ်..အခုလက်ရှိအသုံးပြုနေကြတာ IP VERSION 4 (IPV4)ဖြစ်ပါတယ် IP တစ်ခုမှာ 4 Octet ရှိပါတယ် (ဥပမာ- 192.168.1.10) octet တစ်ခုနဲ့  တစ်ခုကြား dotted decimal format စနစ်ဖြင့်အသုံးပြုပါတယ်..
192 = first Octet
168 = Second Octet
1 = Third Octet
10 = Fourth Octet
အဲဒီလို Octet 4 ခုရှိတဲ့အထဲမှာ first Octet ကိုကြည့်ခြင်းအားဖြင့် Public IP လား /Private IP လားဆိုတာကို သိနိုင်ပါတယ်…..အထက်က IP မှာဆိုရင် ပထမဆုံး Octet တစ်ခုကိုကြည့်လိုက်ရင် 172 ဆိုတာ class B အမျိုးအစားဖြစ်ပြီး private IP ဖြစ်ပါတယ်..
IP Class များ
IP မှာ Class 5 ခုရှိပါတယ် class A,B,C,D,E ဆိုပြီးတော့ရှိပါတယ် class D နဲ့ E ကိုဒီနေရာမှာ တော့မပြောတော့ပါဘူး တစ်ကမ္ဘာလုံးမှာ အများဆုံးသုံးနေကြတဲ့  class A,B,C ကို ပဲအဓိက ပြောပါ့မယ်..
1 မှ 126 အထိက A class ပါ( First Octet ကိုပြောတာပါ)
128 မှ 191 အထိက B class ပါ ( First Octet ကိုပြောတာပါ)
192 မှ 233 အထိက C class ပါ ( First Octet ကိုပြောတာပါ)
Private IP နဲ့ Public
#First Octet က 10 နဲ့ စတာဆိုရင် private IP ပါ
#First Octet က 172 နဲ့ စတာဆိုရင် private IP ပါ
#First Octet က 192 နဲ့ စတာဆိုရင် private IP ပါ
#First Octet က 169 နဲ့ စတာဆိုရင် private IP ပါ
First Octet က 127 နဲ့ စတာဆိုရင် private IP ပါ (မိမိစက်ကို Localhost လုပ်တာပါ)
အဲဒီလို Private IP တွေကိုသိတယ်ဆိုရင် မိမိတို့ ရဲ့ LAN Network ပေါ်မူတည်ပြီး ကိုယ်သုံးချင်တဲ့ Private IP အုပ်စုကိုသုံးတာပါဘဲဗျာ အဓိက က ကိုယ်သုံးမယ့် PC အရေအတွက်နဲ့ ကိုယ်ယူလိုက် တဲ့ Private IP အုပ်စုက ကိုက်ညီဖို့ လို တာပါ ကိုယ့်ရဲ့ LAN Network မှာ computer 254 လုံးအောက်ရှိတယ်ဆိုရင် 192 နဲ့ စတဲ့ Private အုပ်စုကို ယူသင့်ပါတယ် ကိုယ့်ရဲ့ LAN Network မှာ computer 255 လုံးနှင့် အထက်ရှိတယ်ဆိုရင် 172 နဲ့ စတဲ့ Private အုပ်စုကို ယူသင့်ပါတယ် ကိုယ့်ရဲ့  LAN Network မှာ computer အလုံး ၆ သောင်းကျော်လောက်ရှိတယ်ဆိုရင် 10 စတဲ့ Private အုပ်စုကို ယူသင့်ပါတယ် အဲဒီတော့ Class တွေထဲက Private IP တွေကို ဆွဲထုတ်လိုက်ပြီး ကျန်တဲ့ IP တွေကတော့ Public IP တွေဖြစ်ပါတယ်…
Network cable
Ethernet Cable ကြိုးတွေကို ကြည့်လိုက်ရင် Cat 5, Cat 5e အမျိုးအစားကိုတွေ့ ရမှာဖြစ်ပါတယ် ကွန်ပျူတာ lan port မှာ လာရောက်တပ်ဆင်ပေးရပါတယ် RJ 45 connector လို့ ခေါ်ပါတယ်.. အခုကွန်ပျူတာ တစ်လုံးနဲ့ တစ်လုံး ချိတ်ဆက်ဖို့ အတွက် ဒီconnector ကိုအသုံးပြုရပါတယ် ဒါကြောင့် ဒီ cable မှာပါတဲ့  wire ကြိုးရောင်စုံ color တွေကို ဘယ်လို အနေထားနဲ့ ချိတ်ဆက်မလဲ ဆိုတာ သိထားဖို့  လိုပါတယ် ဒီ cable ကို unshited twisted pair(UTP) cable လို့ ခေါ်ပါတယ် သူ့  မှာ wire cable 8 ခုပါပါတယ် ..half color နဲ့  full color တွေပါဝင်ပါတယ်..ဒီလို Ethernet cable ကို T568-A နဲ့  T568-B ဆိုပြီး သတ်မှတ်ပါတယ်..ဒါဆိုရင် T568-A ဆိုတာ.. T568-A ဆိုတာ ကြိုး အနေထား ထားသိုမှုနည်းစနစ်ဖြစ်ပါတယ်.. T568-B လည်းတူတူပါပဲ..ဒါပေမဲ့  T568-A နဲ့  T568-B တို့ ဟာ lan connector အတွင်းနေရာထားသိုမှုကွာသွားပါတယ်..
Lan ခေါင်း နှစ်ဖက်စလုံး (အောက်ကပုံမှာပြထားသည့်အတိုင်း)T-568A က ဘယ်မှာသုံးသလဲဆိုရင် ကွန်ပျူတာ တစ်လုံးနဲ့ တစ်လုံး ကြားခံ switch တို့  hub တို့ နဲ့ ချိတ်ဆက်တဲ့အခါ အသုံးပြုပါတယ်.. (straight ချိတ်ဆက်နည်းလို
့လည်းခေါ်ပါတယ်)
Lan ခေါင်း နှစ်ဖက်စလုံး (အောက်ကပုံမှာပြထားသည့်အတိုင်း)T-568B က ဘယ်မှာသုံးသလဲဆိုရင် ကွန်ပျူတာ တစ်လုံးနဲ့ တစ်လုံး ကြားခံ switch တို့  hub တို့ နဲ့ ချိတ်ဆက်တဲ့အခါ အသုံးပြုပါတယ်.. (straight ချိတ်ဆက်နည်းလို့ လည်းခေါ်ပါတယ်)T-568A ကိုပဲသုံးသုံး T-568B ကိုပဲသုံးသုံး ရပါတယ်..နှစ်ဖက်စလုံးတူဖို့ လိုပါတယ်..  
Cable တစ်ခုတည်းမှာ Lan ခေါင်း တစ်ဖက်က T-568A ဖြစ်ပြီးနောက်တစ်ဖက်က T-568B ဆိုရင် ကွန်ပျူတာ တစ်လုံးနဲ့ တစ်လုံး ကြားထဲမှာ switch တို့  hub တို့ မခံပဲနဲ့ ဒဲ့ ချိတ်တဲ့အခါကျရင် အသုံးပြုပါတယ်(cross ချိတ်ဆက်နည်းလို့ လည်းခေါ်ပါတယ်)..အောက်ကပုံအတိုင်းဖြစ်ပါတယ်
2009 ခုနှစ်လောက်ကစပြီး network card များဟာ အခုလို cable တွေကို T-568A ပဲဖြစ်ဖြစ် T-568B ပဲဖြစ်ဖြစ် ဘယ်အမျိုးစားပဲဖြစ်ဖြစ်ချိတ်ဆက်လာနိုင်ပါတယ် ဥပမာ ကွန်ပျူတာ နှစ်လုံး ဒဲ့ ချိတ်ရင် အရင်ကဆို cross cable ဖြစ်အောင် လုပ်ပြီးမှ ချိတ်လို့ ရပါတယ် အခုတော့အဲလိုမဟုတ်တော့ပါဘူး cross ပဲဖြစ်ဖြစ် straight ပဲဖြစ်ဖြစ် သူ့ ဘာသူ အလိုအလျောက်ခွဲပေးသွားပါတယ်..
ဆွေးနွေးချက်အနှစ်ချူပ်..
၁။ Network ဆိုတာ ကွန်ပျူတာ နှစ်လုံး (သို့ )နှစ်လုံးနဲ့ အထက်ချိတ်ဆက်ထားခြင်းကို network လို့  ခေါ်ပါတယ်..
၂။ အဓိကအာဖြင့် network ကို LAN ,MAN ,WAN ဆိုပြီးသတ်မှတ်ပါတယ်..LAN ဆိုတာ Local Area Network ဖြစ်ပြီး အဆောက်အဦး တစ်ခုစာ အတွင်းမှာ ချိတ်ဆက် ထားတဲ့ ကွန်ပျူတာတွေ ဖြစ်ပါတယ်..LAN ဟာ Area အားဖြင့် အသေးငယ်ဆုံးသော network ဖြစ်ပါတယ်..MAN ဆိုတာ Metropolitan Area Network ဖြစ်ပြီး မြို့ တစ်မြို့ စာ Area အတွင်း ချိတ်ဆက်နိုင် ပါတယ်…WAN ဆိုတာ Wide Area Network ဖြစ်ပြီး ကမ္ဘာ အရပ်ရပ်ကို ဆက် သွယ်နိုင်သော network ကြီးဖြစ်ပါတယ်..WAN ဟာ Area အကျယ်ဆုံး network အမျိုးစားဖြစ်ပါတယ်.. network ပေါင်းမြောက်များစွာကိုချိတ်ဆက်ထားသည့် အတွက်ကြောင့် network of the network လို့ လည်းခေါ်ဆိုကြပါတယ်..
၃။Protocol ဆိုတာကတော့  မတူညီတဲ့  File type တွေ မတူညီတဲ့ OS platform တွေ , Communication Device တွေကို ချိတ်ဆက်ရာမှာ အသုံးပြုတဲ့  Language ၁ မျိုးပါပဲ…
၎။ IP မှာ Class 5 ခုရှိပါတယ် class A,B,C,D,E ဆိုပြီးတော့ရှိပါတယ် class D နဲ့ E ကိုဒီနေရာမှာ တော့မပြောတော့ပါဘူး တစ်ကမ္ဘာလုံးမှာ အများဆုံးသုံးနေကြတဲ့  class A,B,C ကို ပဲအဓိက ပြောပါ့မယ်..
1 မှ 126 အထိက A class ပါ( First Octet ကိုပြောတာပါ)
128 မှ 191 အထိက B class ပါ ( First Octet ကိုပြောတာပါ)
192 မှ 233 အထိက C class ပါ ( First Octet ကိုပြောတာပါ)