Monday, July 16, 2012
wifi လွင့်နည်းစာအုပ်လေးပါ
www.onekokoaung.co.cc  မှစာအုပ်လေးပါ။လိုချင်သူများ ဒီက နေဒေါင်းနိုင်ပါတယ်ချင်ဗျာ။
Saturday, May 19, 2012
ကွန်ပျူတာ ဆိုသော အရာကြီးကို လေ့ လာမယ်
အပိုင်း(၁)
Computer(ကွန်ပျူတာ)  ဆိုသည်မှာအီလက်ထရောနစ်ပစ္စည်းတစ်ခုပင်ဖြစ်ပါသည်။အချက် အလက်များကိုအဖြေ (သို့ ) သတင်း
အဖြစ်သို့တွက်ချက်ပေးသောစက်တစ်ခုပင်ဖြစ်ပါသည်။ညွှန်ကြားချက်များ
ကို မြန်မှန်တိကျစွာ  တွက်ချက်ပေးနိုင်သော  စက်ဟု လိုလည်း ခေါ်ဆိုနိုင်ပါသည်။
Type  of   Computer
ကွန်ပျူတာ အမျိုးအစားများအနက်   
(၁)Super  Computer
(၂)MainFrame  Computer
(၃)Mini  Computer
(၄)Micro  Computer
     -Desktops
     -Laptops
     -Tablets
     -Notebooks
ဆိုသည့် အမျိုးအစား  လေးမျိုးရှိသည်ကိုတွေ့  ရပါသည်။
Part  of  Computer
ကွန်ပျူတာ အစိတ်အပိုင်းများအနက်
(၁)ဟာ့ ဒ် ၀ဲ(Hardware) ကိုင်တွယ် ထိတွေ့  လို့  ၇တဲ့   ကွန်ပျူတာရဲ့  အစိတ်အပိုင်းများကို ခေါ်ဆိုတာဖြစ်ပါတယ်။
(၂)ဆော့ ၀ဲ (Software) ကိုင်တွယ်လို့  မရတဲ့  ကွန်ပျူတာရဲ့  အစိတ်အပိုင်းတစ်ခုပါ။
(၃)ဖမ်းလ် ၀ဲ(Firmware) ဟာ ဒ့် ၀ဲနှင့်   ဆော့ ၀ဲလ်  ပေါင်းစပ်ထားတဲ့   ပစ္စည်းတစ်ခုပါ။ဥပမာ 
ROMBIOS
Program
ပရိုဂရမ်  ဆိုသည်မှာ  ညွှန်ကြားချက်များကို စုထားတဲ့   ဟာကို ပရိုဂရမ်ဟုခေါ်ပါသည်။၎င်းပရိုဂရမ် ကို Programming  Language  ဖြင့်   ရေးသားကြသည်။
Component  of  Computer
ကွန်ပျူတာ  ၏ ဖွဲ့ စည်းပုံ မှာ
(၁)System  Unit
(၂)Monitor 
(၃)Keyboard  and  Mouse
(၄)Printer  တို့  ဖြစ်ကြပါသည်။
System  Unit  တွင်
-Power supply
-Harddisk
-CD-dirve
-Mother Board
-USB  port
-Serial  Port
-CPU
-ROMBIOS
-VGA  and  SOUND  card
-Memory  Card
-other
ပါဝင်ပါသည်။အခြားသော ဆက်စပ်ပစ္စည်းများလဲ ရှိပါသေးသည်။ဥပမာ -Network  Card,Capture  Card 
ဆက်ပါဦးမယ်။
Saturday, May 12, 2012
Window 7 တွင်တစ်ခါတစ်ရံ ဖြစ်တတ်သော အမဲရောင်စခရင်
ဝင်းဒိုးစ်  တက်တက်လာချင်း ဘာမှမပေါ်တော့  ဘဲ  အမဲေ၇ာက် စခရင်  သာပေါ်လာပါက
Ctrl+Alt+ Del  ကိုနှိပ်ပြီး  Start  Taskmanager   ကိုခေါ်လိုက်ပါ။ပြီးရင်  Application  မှာ
မောက်စ်  နဲ့   R-click  ခေါက်ပြီးNew  task  ခေါ်လိုက်ပါ။ပြီး  explorer.exe  ရိုက်ထည့်ပြီး OK 
လုပ်လိုက်ပါ။အားလုးံအဆင်ပြေသွားပါလိမ့်   မည်။
GTALK ကိုအကောက်များစွာဖွင့် ပြီးသုးံရအောင်ပါ
ပွားနည်းကတော့ လွယ်လွယ်လေးပါ။ သိပြီးသားလူတွေတော့ သိပြီးပြီပေါ့။မသိသေးတဲ့ လူတွေအတွက်ရည်ရွယ်ပါ
တယ်။လုပ်ပုံလုပ်နည်းကတော့..........
(၁) မိမိကွန်ပျူတာ Desktop ပေါ်မှာ ရှိတဲ့ Gtalk Icon ကို ညာကလင့်(Right click)နှိပ်လိုက်ပါ။
(၂) နှိပ်ပြီးတော့ Properties ကိုသွားလိုက်ပါ။
(၃) Target ဆိုတာကို တွေ့ရပါလိမ့်မယ်။Target မှာရှိတဲ့
(ဥပမာ..      "C:\Users\user\AppData\Roaming\Google\Google Talk\googletalk.exe" /Startmenu)   ကို    Startmenu
နေရာမှာ Startmenu ကိုဖျက်ပြီးတော့ nomutex လို့ရိုက်ထည့်လိုက်ပါ။ပြီးရင်တော့ Apply , Ok လုပ်လိုက်ပါ။
ကြိုက်သလောက်သုံးလို့ရပါပြီ။ပွားချင်သလောက် ပွားပေတော့ဗျာ။
ပွားနိုင်ကြပါစေ။အဆင်မပြေလည်း မေးမြန်းနိုင်ပါတယ်ဗျာ။
Tuesday, May 8, 2012
Microsoft Word 2003 အခြေခံစာအုပ်
အတော်လေးရှင်းပြီး  ပြန်ကျင့်လို့ကောင်းတဲ့  စာအုပ်ပါ။လိုချင်သူများ ဒီမှာ ဒေါင်းနိုင်ပါတယ်။
Thursday, March 22, 2012
IP address တွေအကြောင်းပါ
IP address
computer တွေတစ်လုံးနဲ့တစ်လုံး network ချိတ်တဲ့နေရာမှာ protocol တစ်ခု မဖြစ်မနေသုံးဖို့လိုအပ်ပါတယ်။
အဒီ protocol ဆိုတာ လွယ်လွယ်ပြောရင်တော့ ဘာသာစကား လိုပါဘဲ။
ဘာသာစကားတွေအမျိုးမျိုးရှိသလို Protocol တွေလဲ အမျိုးမျိုး ရှိပါတယ်။ ဒါပေမယ့်Internet ကိုချိတ်မယ်ဆိုတဲ့
computer တိုင်းဟာတော့ TCP/IP ဆိုတဲ့ protocolကိုမဖြစ်မနေသုံးဖို့လိုပါတယ်။ TCP/IP protocol သုံးတဲ့ computerတိုင်းဟာလည်း
IP address တစ်ခုမဖြစ်မနေသက်မှတ်ဖို့လိုပါတယ်။
IPaddress မှာ Version 4 နဲ့ Version6 ဆိုပြီး နှစ်မျိုးရှိပါတယ်။ V4 က 32bits နဲ့ အလုပ်လုပ်ပြီး V6 ကတော့ 128bits နဲ့
အလုပ်လုပ်ပါတယ်။
လက်ရှိအများစုက V4 ကို အသုံးပြုနေပါတယ်။
V4 IP address မှာ Class လေးခုရှိပါတယ်။ A, B, C, D, နဲ့ E ပါ။
Class A, B, C ကကျွန်တော်တို့ နဲ့ ရင်းနှီးပြီး အသုံးများပါတယ်။
( ဒီ class A, B, C သုံးခုထဲက address ရယူ အသုံးပြုထားတဲ့ machine တွေကြားမှာ အပြန်အလှန်ကြိုက်သလို
ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်)
Class D က Multicast address
( multicast ဆိုတာ က သက်မှတ်ထားတဲ့ အစုအဖွဲ့တစ်ခုအတွင်းမှာသာ အပြန်အလှန်ဆက်သွယ်နိုင်တဲ့ address မျိုးပါ
ဥပမာ -Class D address group1 မှာ computer 5 လုံး၊group2 မှာ computer 5 လုံး၊ ချိတ်ထားတယ်ဆိုရင် group1 ထဲက
computer အချင်းချင်း၊ group၂ ထဲက computer အချင်းချင်း၊ ဘဲဆက်သွယ်နိုင်ပါတယ် Group1 က computer နဲ့ Group၂ က
computer ချိတ်လို့မရနိုင်ပါဘူး)
Class E ကတော့ သုတေသနပြုလုပ်နိုင်ဖို့ reserved ထားပါတယ်၊ အသုံးမပြုပါဘူး။
အဒီတော့ ကျွန်တော်တို့ Class A, B, C အကြောင်းကို ဆက်လေ့လာပါမယ်
Network Address, Host Address
IP address တစ်ခုတိုင်းမှာ Network Address နဲ့ Host Address ဆိုပြီးတော့ အပိုင်းနှစ်ပိုင်းပါပါတယ်။
Network Address ဆိုတာ Host တွေကိုပေါင်းစည်းထားတဲ့ address အစုအဝေးတစ်ခုဖြစ်ပြီး၊
Host Address ဆိုတာကတော့ Network ထဲမှာပါဝင်တဲ့ အစိပ်အပိုင်းတစ်ခုပါ။
ှုIP address ဒီလို အလုပ်လုပ်တယ်
ှုIP V4 မှာ 32 bits ပါတယ်ဆိုတာပြောပြီးပါပြီ။
အဒီ 32 bits ကို 8bits စီ၊ 8bits စီ အပိုင်း လေးပိုင်း ခွဲပြီး အလုပ်လုပ်ပါတယ်။
တကယ်တမ်း bits တွေနဲ့ အလုပ်လုပ်တာ ဖြစ်ပေမယ့် သက်မှတ်တဲ့ နေရာမှာဘဲဖြစ်ဖြစ်၊ ရေးသားဖေါ်ပြတဲ့နေရာမှာဘဲဖြစ်ဖြစ်
Dot-decimal စနစ်နဲ့ ရေးသားဖေါ်ပြပါတယ်။ ( ဥပမာ- 192.168.1 .100)
တစ်ပိုင်းစီဟာ 8bits ကို ကိုစားပြုပြီး တစ်ပိုင်း နဲ့ တစ်ပိုင်းကြားမှာ dot(.) လေးတွေခံရေးပါတယ်
8bits ပါဝင်တဲ့ အစုအဝေးတစ်ခုကို octet လို့ခေါ်ပါတယ်။ ဒါကြောင့် IP Address တစ်ခုမှာ octect လေးခုပါဝင်ပါတယ်။
IP address ကြည့်ရုံနဲ့ Class တွေဒီလိုခွဲနိုင်တယ်
IP address တစ်ခုကိုကြည့်လိုက်တာနဲ့ Class A လား B လား C လား ဆိုတာကို IP address ရဲ့ ပထမဆုံးအပိုင်း ( first octect )
ကိုကြည့်ပြီးခွဲနိုင်ပါတယ်။
Class 1st octect range
A 1 to 126
B 128 to 191
C 192 to 223
ဒါကြောင့်မို့ ဥပမာ-
10.10.152.1 Class A
172.16.10.1 Class B
192.168.2.1 Class C
ဆိုတာကို ရှေ့ဆုံး အပိုင်းကိုကြည့်ရုံနဲ့ အလွယ်တကူခွဲနိုင်ပါတယ်။
Local Machine Address
အပေါ်က IP address range ထဲမှာ 127 ဆိုတာကို မတွေ့ ရပါဘူး။
အဒီ 127 တစ်ပိုင်းလုံးကို အသုံးမပြုဘဲချန်ထားခဲ့ပါတယ်။ အဒါကို loop-back address လို့ခေါ်ပါတယ်။
အဒီထဲကမှ 127.0.0.1 ကို local machine address အဖြစ်သုံးပါတယ်။
ူlocal machine address ဆိုတာ
computer နဲ့ သက်ဆိုင်တဲ့ လည်းကောင်းတို့ကို ကိုစားပြုတဲ့ address ပါ။
ဘာနဲ့ သဘောတရားချင်းတူလဲဆိုတော့ လူနာမည်တွေလိုပါဘဲ - လူတိုင်းကိုစီမှာ ကွဲပြားခြားနားတဲ့ နာမည်တွေရှိပါတယ်၊
ဒါပေမယ့် ဆက်သွယ်မှုတွေပြုလုပ်လို့ (စကားပြောခြင်း) ကိုယ့်ကိုကို ကိုယ်စားပြုတဲ့အခါ နာမည်ထက် ငါ၊ကျွန်တော် စတဲ့
နာမ်စားတစ်ခုနဲ့ ကိုစားပြုကြပါတယ်။ အဂ်လိပ်လိုဆိုရင်တော့ ( I ) ပေါ့။
TCP/IP protocol သုံးပြီး Network ချိတ်တဲ့ computer တိုင်း မှာလည်း မတူညီတဲ့ IP address တစ်ခုချင်းစီရှိ ကြပေမယ့် ကိုယ့်
computer ကို ကိုယ်စားပြုတဲ့ အခါ 127.0.0.1 ဆိုတဲ့ Local machine address နဲ့ကိုစားပြုပါတယ်။
အလွယ်ပြောရင်တော့ computer I ပေါ့။
ဒီ address လေးသုံးပြီး ကိုယ့် computer က network ပေါ်မှာ အလုပ်လုပ်နိုင်မလုပ်နိုင်၊ NIC card အလုပ်လုပ်မလုပ် စတာတွေကို
စမ်းသပ်နိုင်ပါတယ်။
Class A, B, C ဒါတွေကွာပါတယ်
Class A, B, C ဘာကွာလဲလို့ လူတိုင်းမေးကြပါတယ်။ သိသင့်ပါတယ်။ အဓိကကွာတာကတော့ Network တစ်ခုမှာ
ဆက်သွယ်ချိတ်ဆက် နိုင်တဲ့ Host အရေအတွက်ကွာပါတယ်။
class A network တစ်ခုမှာ host အရေအတွက် ၁၆ သန်း ကျောက်ချိတ်ဆက်နိုင်ပါတယ်။
class B network တစ်ခုမှာ host အရေအတွက် ၆ သောင်း ကျောက်ချိတ်ဆက်နိုင်ပါတယ်။
class C network တစ်ခုမှာ host အရေအတွက် ၂၅၄ လုံးဘဲချိတ်လို့ရပါတယ်။
IP address တစ်ခုချင်းပေါ်က Network address နဲ့ Host address
ClassA N.H.H.H
ClassB N.N.H.H
ClassC N.N.N.H
N= network
H= host
Class A address မှာ ပထမဆုံး အပိုင်းက Network ကို ကိုစားပြုပြီး ကျန်တဲ့ အပိုင်းသုံးပိုင်းက Host ကို ကိုစားပြုပါတယ်။
Class B address မှာ ပထမဆုံး အပိုင်း နှစ်ပိုင်း က Network ကို ကိုစားပြုပြီး ကျန်တဲ့ အပိုင်းနှစ်ပိုင်းက Host ကို ကိုစားပြုပါတယ်။
Class C address မှာ ပထမဆုံး အပိုင်း သုံးပိုင်းက Network ကို ကိုစားပြုပြီး ကျန်တဲ့ အပိုင်းတစ် ပိုင်းက Host ကို ကိုစားပြုပါတယ်။
IP address တွေကို အခုသိသလောက်နဲ့ ခွဲခြားလေ့လာကြရအောင်
အခု အခြေအနေမှာ ကျွန်တော်တို့ အနေနဲ့ IP address တွေကို ကျွန်တော်တို့ သိသလောက်ပေါ်မှာ အခြေခံပြီး ခွဲခြားကြည့်ကြရအောင်။
၁။ IP address တစ်ခုရဲ့ ပထမဆုံးအပိုင်း ( first octect ) ကို ကြည့်ပါ၊ ဒါကိုကြည့်ပြီး Class A, B, C ဆိုပြီးခွဲ ခြားနိုင်ပါတယ်။
၂။ Class သိရင် Network Address နဲ့ Host Address ကိုထပ်ပြီးခွဲခြားနိုင်ပါတယ်။
ဥပမာ-
၁၊ 196.154.2 .6
၂၊ 14.12.56. 41
၃၊ 190.165.5 4.2
၁၊ က first octect 192 to 223 အတွင်းပါတဲ့ အတွက် Class C, Class C ဖြစ်တဲ့ အတွက် Network address က 196.154.2 .0,
Host Address က 6
၂၊ က first octect 1 to 126 အတွင်းပါတဲ့ အတွက် Class A, Class A ဖြစ်တဲ့အတွက် Network address က 14.0.0.0
Host Address က 12.56.41
၃၊ က first octect 128 to 191 အတွင်းပါတဲ့ အတွက် Class B, Class B ဖြစ်တဲ့အတွက် Network address က 190.165.0.0
Host Address က 54.2
(မှတ်ချက် - Network Address ကို ရေးသားဖေါ်ပြတဲ့ အခါမှာ Host နေရာမှာ 0 Zero တွေနဲ့ အစားထိုးဖေါ်ပြလေ့ရှိပါတယ်။)
လွယ်တယ်နော်
ကဲစမ်းကြည့်ကြပါအုန်း
165.8.2.4
1.0.0.127
190.192.1 65.7
10.127.17 2.192
203.172.1 .191
Subnet Mask
IP address တွေ အကြောင်းပြောရင် မပါမဖြစ် မသိမဖြစ်တဲ့ address တစ်ခုကို သိဘို့လိုပါသေးတယ်။
အဒါကတော့ Subnet Mask ပါ။ machine တွေမှာ IP address တွေ သက်မှတ်တဲ့ အခါမှာ IP Address နဲ့အတူ မဖြစ်မနေ
Subnet mask ကိုတွဲပြီး သက်မှတ်ပေးဖို့လိုပါတယ်။
ဘာ အတွက်လဲဆိုတော့ သက်မှတ်လိုက်တဲ့ IP address တစ်ခုဟာ Network နဲ့ သက်ဆိုင်တဲ့ Bit အရေအတွက် ဘယ်နှစ် Bit
ပေါ်မှာ အခြေခံပြီး အလုပ်လုပ် လဲဆိုတာကို သိရှိနိုင်ဖို့ပါ။ ဒီိလိုသိရှိခြင်းဖြင့် သက်မှတ်လိုက်တဲ့ Address မှာ ဘယ်အပိုင်းတွေကတော့
Network, ဘယ်အပိုင်းတွေကတော့ Host ဆိုတာကိုခွဲခြား သိရှိနိုင်ဖို့ အတွက်ပါ။
တစ်နည်းအားဖြင့် Subnet Mask ဆိုတာ Network နဲ့ သက်ဆိုင်တဲ့ Bit ဘယ်နှစ် Bit ပေါ်မှာ အခြေခံလဲ
ဆိုတာကိုဖေါ်ပြသက်မှတ်ပေးတာပါ။
Class A
Class A IP address တွေက Network နဲ့ သက်ဆိုင်တဲ့ အပိုင်းက first octect 8 bits ပါ။
အဒီ 8 bits - 11111111 ကို decimal ပြောင်းတဲ့ အခါ 255 ရပါတယ်။
( နောက်ဆုံး 1 က 20 ရှေ့ဆုံး 1 က 27 တစ်ဆင့်ချင်း နောက်ကနေရှေ့ကိုတိုးလာတာပေါ့, 20 ရဲ့ တန်ဖိုးက ၁, 21 ရဲ့
တန်ဖိုးက ၂,
22 ရဲ့ တန်ဖိုးက ၄, 23 ရဲ့ တန်ဖိုးက ၈,24 ရဲ့ တန်ဖိုးက ၁၆, 25 ရဲ့ တန်ဖိုးက ၃၂,26 ရဲ့ တန်ဖိုးက ၆၄, 27 ရဲ့ တန်ဖိုးက
၁၂၈,
ဒါကြောင့် ၁+၂+၄+၈+၁၆+၃၂+၆၄+၁၂၈=၂၅၅)
Subnet Mask ကို 255 တစ်လုံးထဲ မရေးဘဲ နောက်က ကျန်တဲ့ အပိုင်းတွေမှာ 0 တွေနဲ့ အစားထိုးဖေါ်ပြတဲ့ အတွက် -
Class A ရဲ့ Subnet Mask က 255.0.0.0
Class B
Class B IP address တွေက Network နဲ့ သက်ဆိုင်တဲ့ အပိုင်းက 8bits နှစ်ပိုင်းပါ။
တစ်ပိုင်းကို 255 တစ်လုံးဆိုတော့ နှစ်ပိုင်းဖြစ်တဲ့ အတွက် 255 နှစ်ခါကြားမှာ .( Dot) ခံပြီးဖေါ်ပြပါတယ်။
Class B ရဲ့ Subnet Mask က 255.255.0 .0
Class C
Class B IP address တွေက Network နဲ့ သက်ဆိုင်တဲ့ အပိုင်းက 8bits သုံးပိုင်းပါ။
ဒီတော့ Cass B ရဲ့ Subnet Mask က 255.255.2 55.0
IP Address တွေသက်မှတ်တဲ့ အခါသက်ဆိုင်ရာ Subnet mask တွေပူးတွဲဖေါ်ပြပေးရပါတယ်။
ဥပမာ-
IP 10.10.10.1 IP 172.10.10.2 IP 192.168.1 00.101
SM 255.0.0.0 SM 255.255.0 .0 SM 255.255.2 55.0
အခုဖေါ်ပြခဲ့ တဲ့ Class A, B, C ရဲ့ Subnet Mask တွေကို Default Subnet Mask တွေလို့ခေါ်ပါတယ်။
IP address နဲ့ ပက်သတ်ရင် ဒါတွေသတိထားပါ
IP address တွေဟာ 32 bits နဲ့ 8 bits ဆီအပိုင်း လေးပိုင်းခွဲ ထားပြီး အလုပ်လုပ်တာ ပြောပြီးပါပြီ။
8 bits လုံး 1 ဖြစ်တဲ့ အခြေအနေကို Decimal ပြောင်းတဲ့အခါ 255 ရပါတယ်။
ဒါကြောင့် IP address မှာ ပါတဲ့ number တွေဟာ 0 to 255 အတွင်းဘဲဖြစ်ရပါမယ် 255 ထက်ကျော်ရင် မှားနေပါပြီ။
ဥပမာ - 192.168.259.100 ဆိုတဲ့ address ဟာ မှားနေတဲ့ IP address ပါ။
ှုIP address တွေသက်မှတ်တဲ့ အခါမှာ Binary number အားဖြင့် Host နဲ့ သက်ဆိုင်တဲ့ အပိုင်းအားလုံး 0 ကြီးဘဲဖြစ်ရင်၊ဒါမှမဟုတ်
1 ကြီးဘဲဖြစ်ရင် computer တွေကို သက်မှတ်တဲ့ နေရာမှာ လုံးဝမသုံးပါဘူး။
(မှတ်ချက် -Network နဲ့ သက်ဆိုင်တဲ့ အပိုင်းအားလုံး 0 ကြီးဘဲဖြစ်ရင်၊ဒါမှမဟုတ် 1ဖြစ်ရင်လဲ အသုံးမပြုပါ။)
ဥပမာ Class C ကိုကြည့်ရအောင်
Class C မှာ Host နဲ့ သက်ဆိုင်တာနောက်ဆုံး 8 bits ပါ။
အဒီနောက်ဆုံး 8 bits လုံး 0 ဖြစ်တဲ့ (00000000) တန်ဖိုးဖြစ်တဲ့ 0 နဲ့
အဒီနောက်ဆုံး 8 bits လုံး 1 ဖြစ်တဲ့ (11111111) တန်ဖိုးဖြစ်တဲ့ 255 ကို address သက်မှတ်တဲ့ ထဲမှာထည့်မသုံးပါဘူး။
network address 192.168.1 .0 ဆိုပါတော့ အဒီ network အောက်မှာ Host က 1 to 254 ဘဲသက်မှတ်လို့ရတဲ့ အတွက်
သူ့ရဲ့ address range က 192.168.1 .1 ကနေ 192.168.1 .254 ထိသက်မှတ်လို့ရပါတယ်။
(ဆိုလိုတာ က Class C မှာ ရှေ့က IP ကြိုက်တဲ့ ၃ တွဲလာ နောက်က 1 to 254 က မပြောင်းဘူးဆိုတဲ့သဘောပါ။
Class B မှာ ရှေ့က IP ကြိုက်တဲ့ ၂ တွဲလာ နောက်က 0.1 to 255.254 က မပြောင်းဘူး။
Class A မှာ ရှေ့က IP ကြိုက်တဲ့ ၁ တွဲလာ နောက်က 0.0.1 to 255.255.2 54 က မပြောင်းဘူး။
IP Address သက်မှတ်မယ်
IP address တွေကို computer ရဲ့ ဆသ်သွယ်ချိတ်ဆက်မှုနဲ့သက်ဆိုင်တဲ့ device တွေမှာသက်မှတ်ရတာပါ။
အလွယ်ပြောရင်တော့ NIC ပေါ်မှာ သက်မှတ်ရတာပါ။
Desktop ပေါ်မှာ My Network Place ဆိုတဲ့ Icon လေးကို RC, Propertie s ဆိုရင် Network & Dial-up Connectio n
ဆိုတဲ့ window လေးကျလာပါလိမ့မယ်။ အဒီမှာ make new connectio n တို့ Local Area Connectio n တို့ Wireless Netork
Connectio n တို့ စတာတွေတွေ့ရပါလိမ့်မယ်။
make new connectio n ဆိုတာက Dial-up Network ချိတ်တဲ့နေရာမှာသုံးပါတယ်။
Local Area Connectio n ဆိုတာလေးတွေက ကျွန်တော်တို့ computer မှာ ရှိတဲ့ NIC ကိုရည်ညွှန်းတာဖြစ်ပြီး တစ်ကတ်ရှိရင်
Local Area Connectio n တစ်ခု နှစ်ကတ်ရှိရင် Local Area Connectio n 1,2 ဆိုပြီးနှစ်ခုရှိပါတယ်။
ကျွန်တော်တို့ address သက်မှတ်ချင်ရင် အဒီ Local Area Connectio n ပေါ်မှာ RC, Propertie s ဆိုရင် Local Area Connectio
n Propertie s ဆိုတဲ့ Box လေးကျလာရင် TCP/IP ဆိုတာကိုရွေပြီး propertie s ဆိုပြီး address သက်မှတ်ရမှာပါ။ Vista ဆိုရင်တော့
TCP/IP Version 4 ဆိုတာကိုရွေးပါ။
IP address ကို နည်းလမ်းနှစ်ခု အသုံးပြုပြီး သက်မှတ်နိုင်ပါတယ်။
Auto ( Dynamic ) နဲ့ Manual ( Static ) ဆိုပြီးတော့ပါ။
Auto ( Dynamic ) သက်မှတ်မယ်ဆိုရင် Network ပေါ် IP address တွေကို automatic သက်မှတ်ပေးနိုင်တဲ့ Server သို့ Device
တွေရှိဖို့လိုပါတယ်။
အလို IP address တွေကို automatic သက်မှတ်ပေးနိုင် တဲ့ service ကို DHCP ( Dynamic Host Configura tion Protocol )
လို့ခေါ်ပါတယ်။
ကို့ Network မှာ အသုံးပြုလိုတဲ့ address တွေကို အဒီ DHCP Server မှာကြိုတင် သက်မှတ်ထားရမှာဖြစ်ပါတယ်။
Manual ( Static ) သက်မှတ်မယ်ဆိုရင်တော့ ကိုသက်မှတ်မယ့် IP နဲ့ SM ကို သိက်ဆိုင်ရာ Box မှာ ရိုက်ထည့်ရုံပါဘဲ။....
ဝင်းဒိုးဆဲဗင်း အသုးံပြုနည်းစာအုပ် လေးပါ
အမှားပါရင် ခွင့်   လွတ်ပေးကြပါ။