Monday, December 5, 2011

BASIC NETWORKING

ဒီအခန်းမှာ အခြေခံ networking အကြောင်းကို ဆွေးနွေးမှာဖြစ်ပါတယ်..networking မှာ အခြေခံအကြောင်းတွေက နည်းနည်းများပါတယ်..အဲဒီအများကြီးထဲကမှ ပထမဆုံး သိသင့် သိထိုက် တာတွေကိုသာဆွေးနွေး လိုက်ပါတယ်..
Network ဆိုတာ ဘာလဲ…
Network ဆိုတာ ကွန်ပျူတာ နှစ်လုံး (သို့ )နှစ်လုံးနဲ့ အထက်ချိတ်ဆက်ထားခြင်းကို network လို့  ခေါ်ပါတယ်..ဒီလိုချိတ်ဆက်ဖို့ အတွက်ဆိုရင် transmission midia တွေဖြစ်တဲ့ network cable ကြိုးတွေ Air , switch ,hub ,Router တွေ လိုအပ်ပါတယ်..
Network အမျိုးအစား
အဓိကအာဖြင့် network ကို LAN ,MAN ,WAN ဆိုပြီးသတ်မှတ်ပါတယ်..LAN ဆိုတာ Local Area Network ဖြစ်ပြီး အဆောက်အဦး တစ်ခုစာ အတွင်းမှာ ချိတ်ဆက် ထားတဲ့ ကွန်ပျူတာတွေ ဖြစ်ပါ တယ်..LAN ဟာ Area အားဖြင့် အသေးငယ်ဆုံးသော network ဖြစ်ပါတယ်..MAN ဆိုတာ Metropolitan Area Network ဖြစ်ပြီး မြို့ တစ်မြို့ စာ Area အတွင်း ချိတ်ဆက်နိုင် ပါတယ်…WAN ဆိုတာ Wide Area Network ဖြစ်ပြီး ကမ္ဘာ အရပ်ရပ်ကို ဆက်သွယ် နိုင်သော network ကြီးဖြစ်ပါတယ်..WAN ဟာ Area အကျယ်ဆုံး network အမျိုးစား ဖြစ်ပါတယ်.. network ပေါင်းမြောက်များစွာကိုချိတ်ဆက်ထားသည့် အတွက်ကြောင့် network of the network လို့ လည်း
ခေါ်ဆိုကြပါတယ်..
   
   

ဘာကြောင့် network ကိုသုံးကြလဲ..
ကျနော်တို့ တွေက ကွန်ပျူတာထဲမှာ ရှိတဲ့အချက်အလက်တွေ ဒေတာ တွေကို sharing လုပ်ခြင်းအတွက်အသုံးပြုရပါတယ်..ဒါအပြင် communication အတွက်အသုံးပြု ပါ တယ်…ဖိုင်တွေ ဒေတာ တွေကို မျှဝေသုံးစွဲခြင်းသာမကပဲ hardware device တွေကို ပါမျှဝေသုံးစွဲလို့ ရနိုင်ပါသေးတယ်..တခြားကွန်ပျူတာမှ sharing လုပ်ထားတဲ့ဖိုင်တွေ ဖိုဒါတွေကို floppy တွေ cd disc တွေ usb stick တွေကို မသုံးပဲ ဒေတာတွေကို လှမ်းယူသုံးစွဲနိုင်ပါတယ် hardware device တွေထဲကဆိုရင် သိသာထင်ရှား ဆုံး အချက်က printer ကို မျှဝေသုံးစွဲခြင်းဖြစ်ပါတယ်..ရုံးတစ်ခုမှာ ကွန်ပျူတာ ၅ လုံးရှိ တယ်ဆိုပါစို့ ..ကွန်ပျူတာ ၅ လုံးစလုံး printer ကို အတူတကွမျှဝေသုံးစွဲခြင်းအားဖြင့် ကုန်ကျစရိတ်ကို အများကြီးသက်သာစေပါတယ်..
Topology
Topology ဆိုတာ network တည်ဆောက်တဲ့အခါ ကွန်ပျူတာတွေတစ်လုံးနဲ့ တစ်လုံး group တစ်ခု နဲ့ တစ်ခု ချိတ်ဆက်မှု ပုံစံတွေဖြစ်ပါတယ်..

 
   

Protocol ဆိုတာ
ကွန်ပျူတာ တစ်လုံးနဲ့ တစ်လုံးချိတ်ဆက်ရာမှာ ကျနော်တို့ သိရမှာကတော့  Protocol တွေကို သိထားရမှာဖြစ်ပါတယ် ... အဲဒါတွေ က Physically မဟုတ်ဘဲ Logically မျှသာဖြစ်ပါတယ်။Protocol ဆိုတာကတော့  မတူညီတဲ့  File type တွေ မတူညီတဲ့ OS platform တွေ , Communication Device တွေကို ချိတ်ဆက်ရာမှာ အသုံးပြုတဲ့  Language ၁ မျိုးပါပဲ.. ...ဥပမာ မြန်မာ ၁ ယောက် ... တရုတ် ၁ ယောက် .... ဂျပန် ၁ ယောက် လူ ၃ ယောက်၇ှိတယ် ဆိုပါစို့ ...။အဲ့တော့ ၁ ယောက်ကို ၁ ယောက်နားလည်အောင် ဘယ် Language နဲ့ ပြောကြမလဲ ...?? English ပေါ့ဗျာ ... English ဟာ International Language ဖြစ်သလို ...Protocol ဟာလည်း ၁ ကမ္ဘာလုံး မှာ၇ှိတဲ့ ကွန်ပြူတာ အချင်းချင်း ဆက်သွယ်ဖို့  စက်တစ်လုံးနဲ့ တစ်လုံး နားလည်ဖို့ အတွက် ပေါ်ပေါက်လာတဲ့ computer Languageဘဲဖြစ်ပါတယ်….

IP Address
တစ်ကမ္ဘာလုံးမှာရှိတဲ့ Computer များအချင်းချင်း မှန်ကန်စွာ ချိတ်ဆက် အသုံးပြုနိုင်ရန် Ip addressing ကိုနားလည်ရပါမယ်...။IP address သည် 32 bit ရှိပြီး 8 bit အပိုင်း ၄ ခုအား Dot ဖြင့်ပိုင်းညခားထားခြင်းဖြစ်ပါတယ် ...။8 Bit အပိုင်း ၁ ခုအား individual byte (သို့ ) octet လို့  ခေါ်ပါတယ်...။ အသုံးပြုနိုင်သော တန်ဖိုးမှာ 1 မှ 254 အထိရှိပြီး 0 နဲ့ 255 မှအရန်ထားရှိရပါမယ်။
0 မှာ Network Address ဖြစ်ပြီး 255 မှာ Broadcast Address ဖြစ်ပါတယ်။

IP အမျိုးအစား နဲ့ ဖွဲ့ စည်းပုံ
IP address မှာ Public IP ရယ် Private IP ရယ်ဆြိုပီး နှစ်မျိုးရှိပါတယ် LAN Network မှာဆိုရင် Private IP တွေကို ထည့်သွင်းပါတယ် WAN Network မှာဆိုရင် Public IP တွေကို ထည့်သွင်းပါ တယ်…. IP မှာ IPV4 နဲ့  IPV6 ဆိုပြီးတော့ ရှိပါတယ်..အခုလက်ရှိအသုံးပြုနေကြတာ IP VERSION 4 (IPV4)ဖြစ်ပါတယ် IP တစ်ခုမှာ 4 Octet ရှိပါတယ် (ဥပမာ- 192.168.1.10) octet တစ်ခုနဲ့  တစ်ခုကြား dotted decimal format စနစ်ဖြင့်အသုံးပြုပါတယ်..
192 = first Octet
168 = Second Octet
1 = Third Octet
10 = Fourth Octet

   
အဲဒီလို Octet 4 ခုရှိတဲ့အထဲမှာ first Octet ကိုကြည့်ခြင်းအားဖြင့် Public IP လား /Private IP လားဆိုတာကို သိနိုင်ပါတယ်…..အထက်က IP မှာဆိုရင် ပထမဆုံး Octet တစ်ခုကိုကြည့်လိုက်ရင် 172 ဆိုတာ class B အမျိုးအစားဖြစ်ပြီး private IP ဖြစ်ပါတယ်..
IP Class များ
IP မှာ Class 5 ခုရှိပါတယ် class A,B,C,D,E ဆိုပြီးတော့ရှိပါတယ် class D နဲ့ E ကိုဒီနေရာမှာ တော့မပြောတော့ပါဘူး တစ်ကမ္ဘာလုံးမှာ အများဆုံးသုံးနေကြတဲ့  class A,B,C ကို ပဲအဓိက ပြောပါ့မယ်..
1 မှ 126 အထိက A class ပါ( First Octet ကိုပြောတာပါ)
128 မှ 191 အထိက B class ပါ ( First Octet ကိုပြောတာပါ)
192 မှ 233 အထိက C class ပါ ( First Octet ကိုပြောတာပါ)


   


Private IP နဲ့ Public
#First Octet က 10 နဲ့ စတာဆိုရင် private IP ပါ
#First Octet က 172 နဲ့ စတာဆိုရင် private IP ပါ
#First Octet က 192 နဲ့ စတာဆိုရင် private IP ပါ
#First Octet က 169 နဲ့ စတာဆိုရင် private IP ပါ
First Octet က 127 နဲ့ စတာဆိုရင် private IP ပါ (မိမိစက်ကို Localhost လုပ်တာပါ)
အဲဒီလို Private IP တွေကိုသိတယ်ဆိုရင် မိမိတို့ ရဲ့ LAN Network ပေါ်မူတည်ပြီး ကိုယ်သုံးချင်တဲ့ Private IP အုပ်စုကိုသုံးတာပါဘဲဗျာ အဓိက က ကိုယ်သုံးမယ့် PC အရေအတွက်နဲ့ ကိုယ်ယူလိုက် တဲ့ Private IP အုပ်စုက ကိုက်ညီဖို့ လို တာပါ ကိုယ့်ရဲ့ LAN Network မှာ computer 254 လုံးအောက်ရှိတယ်ဆိုရင် 192 နဲ့ စတဲ့ Private အုပ်စုကို ယူသင့်ပါတယ် ကိုယ့်ရဲ့ LAN Network မှာ computer 255 လုံးနှင့် အထက်ရှိတယ်ဆိုရင် 172 နဲ့ စတဲ့ Private အုပ်စုကို ယူသင့်ပါတယ် ကိုယ့်ရဲ့  LAN Network မှာ computer အလုံး ၆ သောင်းကျော်လောက်ရှိတယ်ဆိုရင် 10 စတဲ့ Private အုပ်စုကို ယူသင့်ပါတယ် အဲဒီတော့ Class တွေထဲက Private IP တွေကို ဆွဲထုတ်လိုက်ပြီး ကျန်တဲ့ IP တွေကတော့ Public IP တွေဖြစ်ပါတယ်…
Network cable
Ethernet Cable ကြိုးတွေကို ကြည့်လိုက်ရင် Cat 5, Cat 5e အမျိုးအစားကိုတွေ့ ရမှာဖြစ်ပါတယ် ကွန်ပျူတာ lan port မှာ လာရောက်တပ်ဆင်ပေးရပါတယ် RJ 45 connector လို့ ခေါ်ပါတယ်.. အခုကွန်ပျူတာ တစ်လုံးနဲ့ တစ်လုံး ချိတ်ဆက်ဖို့ အတွက် ဒီconnector ကိုအသုံးပြုရပါတယ် ဒါကြောင့် ဒီ cable မှာပါတဲ့  wire ကြိုးရောင်စုံ color တွေကို ဘယ်လို အနေထားနဲ့ ချိတ်ဆက်မလဲ ဆိုတာ သိထားဖို့  လိုပါတယ် ဒီ cable ကို unshited twisted pair(UTP) cable လို့ ခေါ်ပါတယ် သူ့  မှာ wire cable 8 ခုပါပါတယ် ..half color နဲ့  full color တွေပါဝင်ပါတယ်..ဒီလို Ethernet cable ကို T568-A နဲ့  T568-B ဆိုပြီး သတ်မှတ်ပါတယ်..ဒါဆိုရင် T568-A ဆိုတာ.. T568-A ဆိုတာ ကြိုး အနေထား ထားသိုမှုနည်းစနစ်ဖြစ်ပါတယ်.. T568-B လည်းတူတူပါပဲ..ဒါပေမဲ့  T568-A နဲ့  T568-B တို့ ဟာ lan connector အတွင်းနေရာထားသိုမှုကွာသွားပါတယ်..
Lan ခေါင်း နှစ်ဖက်စလုံး (အောက်ကပုံမှာပြထားသည့်အတိုင်း)T-568A က ဘယ်မှာသုံးသလဲဆိုရင် ကွန်ပျူတာ တစ်လုံးနဲ့ တစ်လုံး ကြားခံ switch တို့  hub တို့ နဲ့ ချိတ်ဆက်တဲ့အခါ အသုံးပြုပါတယ်.. (straight ချိတ်ဆက်နည်းလို
့လည်းခေါ်ပါတယ်)



 

Lan ခေါင်း နှစ်ဖက်စလုံး (အောက်ကပုံမှာပြထားသည့်အတိုင်း)T-568B က ဘယ်မှာသုံးသလဲဆိုရင် ကွန်ပျူတာ တစ်လုံးနဲ့ တစ်လုံး ကြားခံ switch တို့  hub တို့ နဲ့ ချိတ်ဆက်တဲ့အခါ အသုံးပြုပါတယ်.. (straight ချိတ်ဆက်နည်းလို့ လည်းခေါ်ပါတယ်)T-568A ကိုပဲသုံးသုံး T-568B ကိုပဲသုံးသုံး ရပါတယ်..နှစ်ဖက်စလုံးတူဖို့ လိုပါတယ်..  

Cable တစ်ခုတည်းမှာ Lan ခေါင်း တစ်ဖက်က T-568A ဖြစ်ပြီးနောက်တစ်ဖက်က T-568B ဆိုရင် ကွန်ပျူတာ တစ်လုံးနဲ့ တစ်လုံး ကြားထဲမှာ switch တို့  hub တို့ မခံပဲနဲ့ ဒဲ့ ချိတ်တဲ့အခါကျရင် အသုံးပြုပါတယ်(cross ချိတ်ဆက်နည်းလို့ လည်းခေါ်ပါတယ်)..အောက်ကပုံအတိုင်းဖြစ်ပါတယ်





2009 ခုနှစ်လောက်ကစပြီး network card များဟာ အခုလို cable တွေကို T-568A ပဲဖြစ်ဖြစ် T-568B ပဲဖြစ်ဖြစ် ဘယ်အမျိုးစားပဲဖြစ်ဖြစ်ချိတ်ဆက်လာနိုင်ပါတယ် ဥပမာ ကွန်ပျူတာ နှစ်လုံး ဒဲ့ ချိတ်ရင် အရင်ကဆို cross cable ဖြစ်အောင် လုပ်ပြီးမှ ချိတ်လို့ ရပါတယ် အခုတော့အဲလိုမဟုတ်တော့ပါဘူး cross ပဲဖြစ်ဖြစ် straight ပဲဖြစ်ဖြစ် သူ့ ဘာသူ အလိုအလျောက်ခွဲပေးသွားပါတယ်..
ဆွေးနွေးချက်အနှစ်ချူပ်..
၁။ Network ဆိုတာ ကွန်ပျူတာ နှစ်လုံး (သို့ )နှစ်လုံးနဲ့ အထက်ချိတ်ဆက်ထားခြင်းကို network လို့  ခေါ်ပါတယ်..
၂။ အဓိကအာဖြင့် network ကို LAN ,MAN ,WAN ဆိုပြီးသတ်မှတ်ပါတယ်..LAN ဆိုတာ Local Area Network ဖြစ်ပြီး အဆောက်အဦး တစ်ခုစာ အတွင်းမှာ ချိတ်ဆက် ထားတဲ့ ကွန်ပျူတာတွေ ဖြစ်ပါတယ်..LAN ဟာ Area အားဖြင့် အသေးငယ်ဆုံးသော network ဖြစ်ပါတယ်..MAN ဆိုတာ Metropolitan Area Network ဖြစ်ပြီး မြို့ တစ်မြို့ စာ Area အတွင်း ချိတ်ဆက်နိုင် ပါတယ်…WAN ဆိုတာ Wide Area Network ဖြစ်ပြီး ကမ္ဘာ အရပ်ရပ်ကို ဆက် သွယ်နိုင်သော network ကြီးဖြစ်ပါတယ်..WAN ဟာ Area အကျယ်ဆုံး network အမျိုးစားဖြစ်ပါတယ်.. network ပေါင်းမြောက်များစွာကိုချိတ်ဆက်ထားသည့် အတွက်ကြောင့် network of the network လို့ လည်းခေါ်ဆိုကြပါတယ်..
၃။Protocol ဆိုတာကတော့  မတူညီတဲ့  File type တွေ မတူညီတဲ့ OS platform တွေ , Communication Device တွေကို ချိတ်ဆက်ရာမှာ အသုံးပြုတဲ့  Language ၁ မျိုးပါပဲ…
၎။ IP မှာ Class 5 ခုရှိပါတယ် class A,B,C,D,E ဆိုပြီးတော့ရှိပါတယ် class D နဲ့ E ကိုဒီနေရာမှာ တော့မပြောတော့ပါဘူး တစ်ကမ္ဘာလုံးမှာ အများဆုံးသုံးနေကြတဲ့  class A,B,C ကို ပဲအဓိက ပြောပါ့မယ်..
1 မှ 126 အထိက A class ပါ( First Octet ကိုပြောတာပါ)
128 မှ 191 အထိက B class ပါ ( First Octet ကိုပြောတာပါ)
192 မှ 233 အထိက C class ပါ ( First Octet ကိုပြောတာပါ)




No comments:

Post a Comment